မွေတော် ကက္ကူ
မွေတော် ကက္ကူ ဘုရား မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊
အဘယ်ကြောင့်ဆိုသော်မွေတော် ကက္ကူ ဘုရားရှိရာကက္ကူရွာနေရာသည် ဆီဆိုင် စော်ဘွားပိုင်နယ်နှင့်ညောင်ရွှေ စော်ဘွား ပိုင်နယ်အစပ်ဒေသတွင်ဖြစ် သည်၊
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာ
ပုံရသည်။
မွေတော်ကက္ကူဘုရားတည်ထားကိုးကွယ် ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှတည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏
ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်
No comments:
Post a Comment