Tuesday, November 22, 2016

ဓမ္မစကြာအခါ​တော်​​နေ

Monday, July 18, 2016
ဓမ္မစကြာအခါ​တော်​​နေ့

---------------------------
            မြတ်စွာဘုရားသည် သားသမင်တို့ အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီ(၅)ဦး ရှောင်ကြဉ်ရန် ဝဲယာအစွန်း လမ်းစဉ်နှစ်မျိုး လိုက်နာကျင့်ကြံရန် မဇ္စိုမပဋိ
ဒါ အလယ်အလတ်လမ်းစဉ် ဟုခေါ်သော မဂ္ဂင်ရှစ်ပါး သစ္စာလေးပါး မြတ်တရားတို့ ဖြင့် တန်ဆာဆက်အပ်သော ဓမ္မစက္ကပတ္တနသုတ္တန် တရားတော်ကို မဟာသက္ကရာဇ် ၁၀၃ - ခုနှစ် နေလည်းဝင်စ လလည်းထွက်ပြူချိန်ဖြစ်သော ဝါဆိုလပြည့် စနေနေ့  ညနေချမ်းဝယ် ဟော
တော်မူသည်။

        ပဉ္စဝဂ္ဂီ (၅) ပါးမှာ
၁။အရှင်ကောဏ္ဍည
၂။အရှင်ဝပ္ပ
၃။အရှင်ဘဒ္ဒိယ
၎။အရှင်မဟာနာမ်
၅။အရှင်အဿဇိတို့ ဖြစ်ကြသည်။

        ဝါဆိုလပြည့်ည၌ ဘုရားရှင်၏ တရားဦးကို နာ
ကြားရာ၍ အရှင်ကောဏ္ဍည မဟာထေရ် သည် နတ်
ဗြဟ္မာ (၁၈) ကုဋေနှင့်အတူ သောတာပန် ဖြစ်တော်မူ
သည်။

မြတ်စွာဘုရားဟောကြားသော တရားဦး ဓမ္မစကြာအကျဉ်း
*********************************
     ရှင်တော်ဘုရားက ပဉ္စဝဂ္ဂီ
ငါးပါးကို အစွန်းနှစ်ပါးကိုမြင်
ကြရဲ့လား?
    ယ္ခု  မိမိတို့ဖြစ်နေကြတဲ့ဘဝ
ဟာဘာတွေလဲ ဘာကြောင့်
ဖြစ်နေကြတာလဲလို့မေးပြီး
    "ဒွေးမေဘိက္ခဝေ အန္တာရော
စာရံ ကာမသုခလိဂနုရောဂေါ
နဲ့ အတ္ထကိလမထနုရောဂေါ"
      ဆိုတဲ့အစွန်းနှစ်ဘက်ရှိ
တယ် ထိုအစွန်းနှစ်ဘက်ကိုသိ
ခြင်ရင် ကိုယ့်ခန္ဓာအကြောင်း
ကို သိရမယ်
     ဒီတော့ကိုယ့်ခန္ဓာမှာဘာ
တွေရှိသလဲ?  အမှန်တော့ကိုယ့်
ခန္ဓာမှာ စက္ခု သောတ ဃာန
ဇိဝှာ ကာယ မန တွေရှိပြီး ဒါ
တွေစက်လည်နေတာကို သတ္တ
ဝါ လို့ခေါ်တယ် အဲဒိအလုပ်လုပ်
နေတဲ့အချိန်ဟာသတ္တဝါပါဘဲ
     ဘာတွေလုပ်နေသလဲဆို
တော့ ကိုယ့်အကြိုတ်လိုက်လုပ်
နေတဲ့  "ကာမသုခလိဂ "ဆိုတဲု့
အစွန်းတစ်ခု
     ဘာတွေလဲဆိုတော့
ဟိနော = ယုတ်သော
ဂမ္ဖော  = ရိုင်းစိုင်းသော
ပေါထုဇ္ဇကော= ရွာသူတို့၏အ
                    ကျင့်
အနရိယော= အရိယာသူ
                  တော်စင်တို့၏ အကျင့်မဟုတ်
နောက်တခုက "အတ္ထ ကိလမ
ထနုယောဂ" အကျင့်
    အဆင်း အသံ အနံ အရသာ
အထိအတွေ့အကြိုက်တွေကို
လုပ်ခြင်တိုင်းမလုပ်ရအောင်
ပိတ်ပင်ခြင်းဟာ ဆင်းရဲတဖန်
ဖြစ်ရုံကလွဲ၍ သံသရာစက်မ
ပြတ်နိုင်တဲ့ ဒုက္ခဆင်းရဲတဲ့အို
နာသေဘေးဆိုတဲ့ခန္ဓာပြန်ရ
ပြီးအကြောင်းမပြတ်နိုင်တော့
ဘူး "ကိုယ်ကိုညှင်းပန်းနှိပ်စက်
တဲ့အကျင့်ပါဘဲ"
    အဲဒါဘာကြောင့်လဲ? 
ဟဒယဝတ္တု  အတွင်းမှာရှိတဲ့
အဝိဇ္ဇာ တဏှာ ရဲ့ခိုင်းစေချက်
အရ အတ္တနဲ့အလုပ်လုပ်နေတာ
အဲဒါ ဒုက္ခဘဲ
    အမှန်က ပညတ်ဖြစ်တဲ့
"ဥပါဒါန်အာရုံ ကာမဂုဏ်ငါးပါး
ကို အကုန်ခံစားရအောင်လုပ်
တဲ့ အလုပ် နဲ့ မခံစားနိုင်
အောင်နှပ်စက်တဲ့အလုပ်နှစ်မျိုး
ပါဘဲ
      ဒါကြောင့် အစွန်းနှစ်ဘက်
သည် ဘယ်အစွန်းမှမမှန်
      ပထမအစွန်းကသဿ     တ
ဒိဋ္ဌိအစွန်းဖြစ်၍ဒုတိယအစွန်း
က ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ်
     ဒါကြောင့် မြတ်စွာဘုရား
ကအစွန်းနှစ်ပါးလုံးကိုပယ်ရ
မည်ဟုမိန့်တော်မူခဲ့ပါတယ်
     ပယ်ပြီးမှသာ သမ္မာဒိဋ္ဌိ
ဥာဏ်ကိုရသော "မဇ္ဈိမပဋိပဒါ"
ဟူသောမဂ်လမ်းသို့တက်လှမ်း
၍ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်ကို
ကျင့်နိုင်မည်ဟု မိဂဒါဝုန်တော
တွင်ဟောကြားတော်မူခဲ့ပါ
သည်။

#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ pag

No comments:

Post a Comment