Friday, November 18, 2016

တောင်ကြီးမီးပုံးလွတ်ပွဲတော်

တောင်ကြီးမီးပုံးလွတ်ပွဲတော်

နှစ်စဉ်နှစ်တိုင်း တောင်ကြီးတန်ဆောင် တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ တွင် ရှစ်ရက်တိုင်တိုင် နှစ်စဉ် ကျင်းပလေ့ ရှိသည်။ နေ့လွှတ်တစ် နေ့လျှင် ပျမ်းမျှအ ရုပ် ၄၀ ကျော်၊ ညလွှတ်တစ်ည လျှင် ည မီးကြီး+စိန်နားပန် ၁၅ လုံးမှ ၁၇ လုံးအထိ လွှတ်တင် ကြောင်း သိရသည်။
ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့ တွင် တစ်နှစ်လျှင် တစ်ခါသာ ကျင်းပ သည့် တန်ဆောင်တိုင် မီးပုံးပျံပွဲကို ဒေသ ခံတို့က တိုးမပေါက်အောင်၊ ကြက်ပျံမကျ စည်ကားအောင် ကျင်းပလေ့ရှိကြသည်။ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ဒေသခံတို့သာမက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တစ်နိုင်ငံလုံးမှ ပြည်ထောင်စုသားများ ကလည်း လာရောက်ဆင် နွှဲသလို ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားသား အများအပြားတို့ကလည်း တကူးတက လာရောက် ကြည့် ရှု လေ့လာပါဝင် ဆင်နွှဲတတ်ကြသည်။
“တောင်ကြီးမီးပုံးပျံအစ ကုန်းသာကျောင်းက”ဟု ဆိုရလောက်သည့် လွန်ခဲ့သော ၁၉၄၁ ခုနှစ်က နိုဝင်ဘာလ တောင်ကြီးမြို့လယ်ရှိ ကုန်းသာဘုန်းတော်ကြီးကျောင်းဆရာတော် ကြီးမှူးပြုလုပ် လွှတ်တင်ခဲ့သည့် ပိတ် ဖြူ မီးပုံးပျံကြီးမှ အစပြုကာ ဒေသသားတို့ မီးပုံးပျံ ‘ပိုး’ ၀င်သွားခဲ့ကြပြီး ယခင်မြို့လယ်ဂိတ်တဲ (ယခု အမှတ်-၁ ရဲစခန်း) ၀င်းအတွင်း ပြုလုပ်ခဲ့သည့် ၁၉၄၅ ခုနှစ် ဂိတ်တဲပွဲ မှ အစပြုကာ မီးပုံးပျံလွှတ်တင်ပွဲ၊ မီးပုံးပျံပြိုင်ပွဲများကို နှစ်စဉ် ကျင်းပခဲ့သည် မှာ ယနေ့တိုင်ဖြစ်သည်

No comments:

Post a Comment