စန္ဒာကူးနံ့သာကျောင်းတော်ရာ
မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက် လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍ အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။
မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့် နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန် ကျောင်းတော်ရာဘုရားသို့ အ ရောက်ဖူးသင့်ပါ သည်။
မင်းဘူးမှ မြောက်သို့(၁၉မိုင်) ဘုရားအထိ ကတ္တရာလမ်းဖြစ်သည်။ မကွေး-မင်းဘူး မြစ်ကူးတံတားကြီးနှင့် မန်းချောင်းတံတားမှနေ၍ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာမှုလွယ်ကူချောမောပါသည်။ ဘုရား၌ စားသောက်ဆိုင် များနှင့် တည်းခိုရိပ်သာများ ရှိပါသည်။
ကျောင်းတော်ရာဘုရား၌ ကြည်ညိုလေ့လာရန်
၁။ မြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်တော်နေရာ စေတီတော်မြတ်ကြီး၊
၂။ စန္ဒကူးနံ့သာ ကျောင်းတော်၏ ဒေါင့်လေးဒေါင့် စေတီဘုရားလေးဆူ၊
၃။ အဓိဌာန်တန်ခိုးကြီးမားတော်မူသော မဟာပုဏ္ဏ ရဟန္တာ အရှင်မြတ်၏ မူလကျောင်းတော်ရာ အဓိဌာန် ဂူဘုရားစေတီနှင့် ဓါတ်တော်စေတီ။
၎။ ၀ါတွင်းကာလ၌ ၀ါထပ်ရက်ငင်ကိုသိ၍ ဘုရားဖူးရောက်လာသော အသက်လွတ်စား ဘုရားဖူးငါးများ၏ ပုံတူရုပ်ထုများနေရာနှင့် ၀ါတွင်းကာလ ငါးများလာရောက်၍ ဥပုသ်သီတင်းဆောက်တည်ရာ မုန်းချောင်းကမ်းပါး ငါးကျွေးဆိပ်နေရာ။
၅။ ဘုရားဗျာဒိတ်ရ မဏိစည်သူမင်းမြတ်သည် ကျေးဇူးသိသောအားဖြင့် တည်ထားအပ်သော သိကြားမင်း ဂူတော်။
၆။ မဏိစည်သူမင်းမြတ်၏ ဖောင်တော်ဆိုက်ရာ ဖောင်တော်ဦးဘုရား။
၇။ ဘုရားဖူးဧည့်သည်များ တည်းခိုရန် ဘုရားဖူးဇရပ်တန်းများ၊ ညအိပ်ဆောင်များ။
၈။ မဟာဗောဓိပင် သတ္တဌာနဘုရား(၇)ဆူနှင့် စန္ဒကူးနံ့သာပင် တောအုပ်များ။
၉။ ရှေးဟောင်းဘုရားများ၊ ကျောင်းတော်နှင့် ပြတိုက်။
၁၀။ ဘုရားသမိုင်းနှင့် ပတ်သက်သော ရုပ်ထုရုပ်လုံးများ၊ ပန်းချီကားများ၊ ရှေးဟောင်းပြခန်းများ စသောလေ့လာရန်ဌာနများနှင့် အနုပညာပြောင်မြောက် သော သာသနာ့အဆောက်အဦးများ စသည်တို့ကို သပ္ပါယ် ကြည်ညိုစွာ ဖူးတွေ့ကြရမည် ဖြစ်ပါသည်
No comments:
Post a Comment