Friday, November 18, 2016

ဘ၀မီးရှူးတန်ဆောင်

“ဘ၀မီးရှူးတန်ဆောင်”
        လူသည် မိမိ၏ ယုံကြည်ချက်နှင့်အညီ ကျင့်ကြံပြောဆိုပြုမူသည်။
  အယူဝါဒအမှားများကို ယုံကြည်ထားလျှင်အမှားကိုသာ ကျင့်ကြံ၊ ပြောဆို၊ ပြုမူမည်ဖြစ်၍ ဤဘ၀၌ လွန်စွာအကျိုးယုတ်မည့်အပြင် တမလွန် ဘ၀၌လည်းအပါယ် လားရမည်ဖြစ်သည်။        အယူဝါဒအမှန်ကို ယုံကြည်ထားလျှင်မူ အမှန်ကိုသာအများအားဖြင့် ကျင့်ကြံ၊ ပြောဆို၊ ပြုမူမည်ဖြစ်၍ ဤဘ၀၌ မိမိ၏အကျိုးနှင့် သူတစ်ပါးတို့၏ အကျိုးကို လွန်စွာသယ်ပိုးထမ်းရွက် နိုင်မည့်အပြင် တမလွန်ဘ၀၌လည်း ကြီးကျယ်သည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။
    အမှောင်နှင့်အလင်းသည်လွန်စွာကွာခြားသကဲ့သို့ အမှားသိသူနှင့် အမှန်သိသူ တို့သည်လည်းလွန်စွာကွားခြားကြ၏။
    ဗုဒ္ဓ၏ အဘိဓမ္မာသည်ကား လောကဖြစ်စဉ်နှင့် ဘ၀ဖြစ်စဉ်တို့၏ အမှန်သဘောကို ပီပြင်ပေါ်လွင်အောင် မီးမောင်းထိုးပြထားသည့် ဘ၀မီးရှူးတန်ဆောင်ပေတည်း။
    ဤ ဘ၀မီးရှူးတန်ဆောင်ဖြင့် သင်လျှောက်သွားရမည့် ဘ၀ခရီးလမ်းကို ထွန်းလင်းတောက်ပစေလျက် အဖိုးအနဂ္ဃထိုက်တန်သော ကောင်းကျိုးချမ်းသာ အဖြာဖြာကို ဘ၀အဆက်ဆက်ခံစားနိုင်ရန် တည်ဆောက်ပါလေလော့။

No comments:

Post a Comment