Tuesday, November 22, 2016

ဓမ္မပဒ (ပါဠိတော် - မြန်မာပြန် - အင်္ဂလိပ်)

Wednesday, July 04, 2012

ဓမ္မပဒ (ပါဠိတော် - မြန်မာပြန် - အင်္ဂလိပ်)
၁။ ယမက ဝဂ္ဂ
Chapter 01

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

2. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with pure mind, joy and peace will follow like a shadow that never leaves the body.

၃။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

၎။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည် မငြိမ်းအေးနိုင်။

၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

3. "He abused me, he injured me, and he robbed me"- those who have such thoughts in mind will not be free from hatred.

4. "He abused me, he injured me, and he robbed me"- those who do not have such thoughts in mind will be free from hatred.

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

5. As a universal truth, hatred will never end by hatred: hatred will cease by loving kindness.

၆။ ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

6. The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.

၇။ သုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီန၀ီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ၀ါတော ရုက္ခံဝ ဒုဗ္ဗလံ။

၈။ အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။

၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသောသစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကိုသိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

7. The person who lives as though the things of the world were pleasurable, with senses uncontrolled and food immoderate, lazy and weak will be overpowered by Mara (craving), like the wind throws down a weak tree.

8. The person who lives as though the things of the world were not pleasurable, with senses well controlled and food moderate, faithful and strong , will not be overpowered by Mara (craving), like a mountain unshaken by the wind.

၉။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ၀တ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။

၁၀။ ယော စ ၀န္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။

၉။ (ဣနြေ္ဒကို)ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ်(သင်္ကန်း)ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ်(သင်္ကန်း)နှင့် မထိုက်တန်။

၁၀။ ဣနြေ္ဒတို့ကိုဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရေကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းသောအ၀တ်နှင့် ထိုက်တန်၏။

9. One, who puts yellow robe with a soul which is impure, lacks in self-control (composure) and disregardful of truth is unworthy of the yellow robe.

10. One who is pure from sin and whose soul is strong in virtue, who has self-control and regards truth is indeed worthy of the yellow robe.

၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိကြကုန်ရကား အနှစ် ရှိသောတရားကို မရနိုင်ကြကုန်။

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ် မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သောကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိ ကုန်ရကား အနှစ်ရှိသော တရားကို ရနိုင်ကြကုန်၏။

11.Those who consider truth in untruth, and see untruth in truth, do not reach the truth, lost in the path of wrong views.

12. Those who consider truth in truth and untruth in untruth arrive at truth and follow true desires as they hold right views.

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

၁၄။ ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။

၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

၁၄။ အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

13. As rain penetrates the poorly thatched house that is poorly roofed, passion (raga) penetrates the unguarded mind.

14. As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.

၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ၀ိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

၁၅။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း စိုးရိမ်ရ၏၊ တမလွန်ဘ၀၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း စိုးရိမ်ရ၏၊ ထိုမကောင်းမှုပြုသူသည် မိမိ၏ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

15. The evil-doer suffers in this world and he suffers in the next, the man who does evil suffers in both worlds. He suffers and mourns when he sees the wrong he has done.

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

၁၆။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ ၀မ်း မြောက်ရ အလွန်ဝမ်းမြောက်ရ၏။

16. The virtuous person is happy in this world and after death, happy in both. Seeing the purity of his own action, he feels glad when he sees the good he has done.

၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

၁၇။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း ပူပန်ရ၏၊ တမလွန်ဘ၀၌လည်း ပူပန်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ပူပန်ရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီဟု ပူပန်ရ၏၊ ဒုဂ္ဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

17. The evil-doer suffers in this world and, he suffers in the next, he suffers in both. He suffers when he thinks of the evil he has done: he suffers even more when he has gone in the evil path to hell.

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

၁၈။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏၊ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏၊ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟု နှစ်သက်ရ၏၊ သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

18. The virtuous man rejoices in this world, and he rejoices in the next world: the man who does well rejoices in both worlds. "I have done good deed", thus he rejoices and even happier when he has gone on the good path to heaven.

၁၉။ ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊ န ဘာဂ၀ါ သာမညဿ ဟောတိ။

၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ၊ သ ဘာဂ၀ါ သာမညဿ ဟောတိ။

၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့ အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ် သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့ တန်နေသောသူသည် ပြုထိုက်သည်ကိုပြုသည် မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

၂၀။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည် ဖြစ်၍ (ကိလေသာတို့မှ)လွတ်သော စိတ်ရှိသည်ဖြစ်လျက် ဤလောက၌ လည်းကောင်း၊ တမလွန် လောက၌ လည်းကောင်း စွဲလမ်းမှုမရှိတော့ပြီ၊ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။

19. If a man speaks many religious words of the Buddha (Tipita-ka) but does not put it into practice, this thoughtless man cannot enjoy the life of religion, like a cowherd counting others' cows, without knowing the taste of the milk.

20. If a man speaks a few religious words and yet he lives the life of those words (Dhamma), free from passion, hatred and illusion – with right vision and a free mind, craving for nothing both now and hereafter – the life of this man is a life of faithfulness in religion.
summerflowerchitthu at Wednesday, July 04, 2012

ဓမ္မစကြာအခါ​တော်​​နေ

Monday, July 18, 2016
ဓမ္မစကြာအခါ​တော်​​နေ့

---------------------------
            မြတ်စွာဘုရားသည် သားသမင်တို့ အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီ(၅)ဦး ရှောင်ကြဉ်ရန် ဝဲယာအစွန်း လမ်းစဉ်နှစ်မျိုး လိုက်နာကျင့်ကြံရန် မဇ္စိုမပဋိ
ဒါ အလယ်အလတ်လမ်းစဉ် ဟုခေါ်သော မဂ္ဂင်ရှစ်ပါး သစ္စာလေးပါး မြတ်တရားတို့ ဖြင့် တန်ဆာဆက်အပ်သော ဓမ္မစက္ကပတ္တနသုတ္တန် တရားတော်ကို မဟာသက္ကရာဇ် ၁၀၃ - ခုနှစ် နေလည်းဝင်စ လလည်းထွက်ပြူချိန်ဖြစ်သော ဝါဆိုလပြည့် စနေနေ့  ညနေချမ်းဝယ် ဟော
တော်မူသည်။

        ပဉ္စဝဂ္ဂီ (၅) ပါးမှာ
၁။အရှင်ကောဏ္ဍည
၂။အရှင်ဝပ္ပ
၃။အရှင်ဘဒ္ဒိယ
၎။အရှင်မဟာနာမ်
၅။အရှင်အဿဇိတို့ ဖြစ်ကြသည်။

        ဝါဆိုလပြည့်ည၌ ဘုရားရှင်၏ တရားဦးကို နာ
ကြားရာ၍ အရှင်ကောဏ္ဍည မဟာထေရ် သည် နတ်
ဗြဟ္မာ (၁၈) ကုဋေနှင့်အတူ သောတာပန် ဖြစ်တော်မူ
သည်။

မြတ်စွာဘုရားဟောကြားသော တရားဦး ဓမ္မစကြာအကျဉ်း
*********************************
     ရှင်တော်ဘုရားက ပဉ္စဝဂ္ဂီ
ငါးပါးကို အစွန်းနှစ်ပါးကိုမြင်
ကြရဲ့လား?
    ယ္ခု  မိမိတို့ဖြစ်နေကြတဲ့ဘဝ
ဟာဘာတွေလဲ ဘာကြောင့်
ဖြစ်နေကြတာလဲလို့မေးပြီး
    "ဒွေးမေဘိက္ခဝေ အန္တာရော
စာရံ ကာမသုခလိဂနုရောဂေါ
နဲ့ အတ္ထကိလမထနုရောဂေါ"
      ဆိုတဲ့အစွန်းနှစ်ဘက်ရှိ
တယ် ထိုအစွန်းနှစ်ဘက်ကိုသိ
ခြင်ရင် ကိုယ့်ခန္ဓာအကြောင်း
ကို သိရမယ်
     ဒီတော့ကိုယ့်ခန္ဓာမှာဘာ
တွေရှိသလဲ?  အမှန်တော့ကိုယ့်
ခန္ဓာမှာ စက္ခု သောတ ဃာန
ဇိဝှာ ကာယ မန တွေရှိပြီး ဒါ
တွေစက်လည်နေတာကို သတ္တ
ဝါ လို့ခေါ်တယ် အဲဒိအလုပ်လုပ်
နေတဲ့အချိန်ဟာသတ္တဝါပါဘဲ
     ဘာတွေလုပ်နေသလဲဆို
တော့ ကိုယ့်အကြိုတ်လိုက်လုပ်
နေတဲ့  "ကာမသုခလိဂ "ဆိုတဲု့
အစွန်းတစ်ခု
     ဘာတွေလဲဆိုတော့
ဟိနော = ယုတ်သော
ဂမ္ဖော  = ရိုင်းစိုင်းသော
ပေါထုဇ္ဇကော= ရွာသူတို့၏အ
                    ကျင့်
အနရိယော= အရိယာသူ
                  တော်စင်တို့၏ အကျင့်မဟုတ်
နောက်တခုက "အတ္ထ ကိလမ
ထနုယောဂ" အကျင့်
    အဆင်း အသံ အနံ အရသာ
အထိအတွေ့အကြိုက်တွေကို
လုပ်ခြင်တိုင်းမလုပ်ရအောင်
ပိတ်ပင်ခြင်းဟာ ဆင်းရဲတဖန်
ဖြစ်ရုံကလွဲ၍ သံသရာစက်မ
ပြတ်နိုင်တဲ့ ဒုက္ခဆင်းရဲတဲ့အို
နာသေဘေးဆိုတဲ့ခန္ဓာပြန်ရ
ပြီးအကြောင်းမပြတ်နိုင်တော့
ဘူး "ကိုယ်ကိုညှင်းပန်းနှိပ်စက်
တဲ့အကျင့်ပါဘဲ"
    အဲဒါဘာကြောင့်လဲ? 
ဟဒယဝတ္တု  အတွင်းမှာရှိတဲ့
အဝိဇ္ဇာ တဏှာ ရဲ့ခိုင်းစေချက်
အရ အတ္တနဲ့အလုပ်လုပ်နေတာ
အဲဒါ ဒုက္ခဘဲ
    အမှန်က ပညတ်ဖြစ်တဲ့
"ဥပါဒါန်အာရုံ ကာမဂုဏ်ငါးပါး
ကို အကုန်ခံစားရအောင်လုပ်
တဲ့ အလုပ် နဲ့ မခံစားနိုင်
အောင်နှပ်စက်တဲ့အလုပ်နှစ်မျိုး
ပါဘဲ
      ဒါကြောင့် အစွန်းနှစ်ဘက်
သည် ဘယ်အစွန်းမှမမှန်
      ပထမအစွန်းကသဿ     တ
ဒိဋ္ဌိအစွန်းဖြစ်၍ဒုတိယအစွန်း
က ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ်
     ဒါကြောင့် မြတ်စွာဘုရား
ကအစွန်းနှစ်ပါးလုံးကိုပယ်ရ
မည်ဟုမိန့်တော်မူခဲ့ပါတယ်
     ပယ်ပြီးမှသာ သမ္မာဒိဋ္ဌိ
ဥာဏ်ကိုရသော "မဇ္ဈိမပဋိပဒါ"
ဟူသောမဂ်လမ်းသို့တက်လှမ်း
၍ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်ကို
ကျင့်နိုင်မည်ဟု မိဂဒါဝုန်တော
တွင်ဟောကြားတော်မူခဲ့ပါ
သည်။

#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ pag

Monday, November 21, 2016

လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး

WEDNESDAY, 10 DECEMBER 2014
လယ်တီဆရာတော်ဘုရားကြီး၏ ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး

၁။       သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။  ။သောင်းခွင်စကြ၀ဠာ၊ နတ် ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွှန်း စိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်။      ။ နတ်လူငြိမ်းဘို့ ကိန်းပါကို။   

  ၂။    သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ ရှစ်ကြုံ၊ ကဆုန်လပြည့်၊
သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီ လှိုက်ဆူ၊ ဘွားတော်မူသည်။   ။ နတ်လူအောင်မြို့ လမ်းပါကို။
 

၃။    ဖွားမြင်မြောက်သော်၊ ဆဲ့ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ် ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်း နေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်။   ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။
၎။    တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန် ကြုံက၊ ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ’င်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်။    ။ သုံးဘော်လူတို့ ငြမ်းပါကို။ 
    
၅။    ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား၊ ဟောဘော်ကြားသည်။   ။ တရားနတ်စည် ရွမ်းတယ်ကို။      ။
၆။    တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်း တိုက်ဝယ်၊
ကျွတ်ထိုက်သ သူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာ သောင်သို့၊ ဘောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆဲ့ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြယ်က၊ ရာလေးဆဲ့ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ’ာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။   ။ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။     ။

၇။    နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊
ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။    ။ မွေတော်ရှစ်စိတ် ကြင်းတယ်ကို။    ။
*    ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမွန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။     ။ကောင်းကျိုးခပ်သိမ်း ကြယ်စေသောဝ်။
*    အဆုံးဘ၀၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာ ကျော်ကြား၊ လူအများကို၊ တရားစည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆဲ့တစ်တန်၊ ငြိမ်းရာမှန်သည်။  ။နိဗ္ဗာန်အောင်မြို့ ရောက်စေ သောဝ်။    ။

၁။    သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊
ဤပုညကြောင့်၊ ဒိဋ္ဌမျက်မြင်၊ ဘ၀တွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာအညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စ ရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။   ။ သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။   
၂။    ဘ၀တစ်ဘန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ် ရပ်ပြစ်၊ ကင်းတုံလစ်၍၊
ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်းနတ်ကောင်း၊ ဘ၀ကောင်း၌၊ ညွှတ်ညောင်း သန္ဓေ၊ တိဟိတ် နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။  ။ လယနှယ် ထွန်းတင့်ပါစေသောဝ်။    

၃။    အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဘော်၊
သတင်းကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက်စင်ဖြူ၊ အလှူရေစက်၊ လက်နှင့်မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွှန်းစိုသည်။   ။ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။     
၎။    ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်မာရ်စစ်၊ အောင်ပွဲ လှစ်၍၊ ခေတ်ဇာတိလုံး၊
သိမ့်သိမ့်ချုံးလျက်၊ ရွှေဘုန်းစိုက်ထူ၊ ပွင့်တော် မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ်ခိုသည်။   ။မဂ်-ဖိုလ်-နိဗ္ဗာန် ရောက်စေသောဝ်။     ။
၅။    သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊
ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံချီးကျူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှိခိုးရသည့်၊ ပုည ကုသိုလ်၊ အဖို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင်ဆရာ၊ ဉာတကာက၊ သတ္တ၀ါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။    ။ကောင်းထွေသာဓု ခေါ်စေသောဝ်။     ။

    ခုနစ်နေ့ ဗုဒ္ဓ၀င်ဘုရားရှိခိုးနှင့် ဆုတောင်းများပြီး၏။

Dhamma ပီတိ at Wednesday, December 10, 2014

ပဋ္ဌာန်း အမွှန်း

WEDNESDAY, 10 DECEMBER 2014
ပဋ္ဌာန်း အမွှန်း

( ပဋ္ဌာန်း အမွှန်း )

နီလာ နီလာ နိစ္ဆရန္တိ ၊ ပီတာ ပီတာ စ ရံသိယော ။
လောဟိတာ လောဟိတာ စာဘာ ၊ သြဒါတောဒါတရံသိယော ။

တမှာ တမှာ စ မဉ္ဇိဋ္ဌာ ၊ ပဘာသန္တိ ပဘဿရာ ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသီ သော ၊ ဌာတု မေ ဘဂ၀ါ သိရေ ။

ပဋ္ဌာနံ-နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။ သမ္မသန္တဿ-အနုလုံ ပဋိလုံ အစုန်အဆန် အဖန်ဖန် ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏။
နီလာ-ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသောအရပ်ဌာနမှ။
နီလာ-ကြာညို ခွါညို, ရတနာအညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ပီတာ စ-သိင်္ဂီရွှေလှော် အရေတော်မှလည်း။
ပီတာ-မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော။
ရံသိယော-၀ါရောင်ဝင်းလျှပ် ရွှေသောရောင်ခြည်ဓာတ်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

လောဟိတာ-အာတော်, လျှာတော်, နှုတ်ခမ်းတော်နှင့် ခြေတော်ဘ၀ါး လက်ဘ၀ါး-စသော ကိုယ်တော်အစိတ်အစိတ်မှ။
လောဟိတာ-ခေါင်ရမ်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်းရှိကုန်သော။
အာဘာ-နီရောင်ဝင်းလျှပ် နီသောရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

သြဒါတာ-စွယ်တော်, သွားတော်, မျက်ဖြူတော်အစုံ ဥဏ္ဏလုံမွေရှင်တော်ဓာတ်မှ။
သြဒါတရံသိယော-စံပယ်ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေထုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ဖြူသောရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

တမှာ တမှာ-အထက်ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော်တခို ထိုထို ထိုထို ကိုယ်တော်အစိတ်အစိတ်မှ။
မဉ္ဇိဋ္ဌာစ-ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်တို့သည်၎င်း။
ပဘဿရာစ-နတ်မီးအရောင် လျှပ်စည်းအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တော်တို့သည်၎င်း။
ပဘာသန္တိ-နေ-အထောင်, လ-အထောင်, ဗြဟ္မာနတ်အရောင် ရတနာန၀ရတ် အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။

ဧ၀ံ-ဤရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။ ဆဗ္ဗဏ္ဏရံသီ-အညို-တဖြာ, အ၀ါ-တလီ, အနီ-တဆူ, အဖြူ-တကြောင်း, အမောင်း-တချက်, ပြိုးပြက်ငွါးငွါး ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေသော။
ဘဂ၀ါ-ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော။
သော-ထိုသုံးလောကညွန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူပေသော ရှင်တော်မြတ်ဘုရားသည်။
မေ-ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏။
သိရေ-ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွဋ်ပေါ်၌။
ဌာတု-ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နား-ကိန်းဝပ်တော်မူလှဲ့ပ သုံးလောက ကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။

ဘဂ၀န်ဘုန်းလှိုင် နှုန်းပြိုင်တုကင်း အဘက်ကွာ၍ စကြာမင်းအစစ် ဖြစ်ကြီးဖြစ်တော်မူသော တိဘ၀ပါရဂူ သယမ္ဘူ ရှင်တော်မြတ်ဘုရားသည် ငါးပါးမာရ်နှင် ပလ္လင်ဗွေထွတ် မြေတမွတ်ဝယ် ရွှေဝတ်လွှာမှုံ ကြာပဒုံသို့ အစုံလေးလီ ခိုင်နှင်းဆီကို လှမ်းမှီဆွတ်ချွေ၍ ကရွတ်ခွေဝဋ်စက်မှ လွတ်ထွက်တော်မူပြီးနောက် သတ္တာသတ္တ န၀တာလီ ကိန်းယာယီဖြင့် ခိုမှီပြောင်းစံတော်မူဆဲအခါ ရတနာဃရ သတ္တာဟ၀ယ် ဓမ္မနက်ကျယ် သမုဒ်နယ်သို့ ဆန်းကြယ်နက်ဝှမ်း ပဋ္ဌာန်းကျမ်းကို ထောက်လှမ်းမြူးကွန့် ရွှေဉာဏ်တော်လွန့်လေသော် ရောင်ညွန့်ရောင်စွယ် ရွှေဘုန်းတော်ခြယ်သောကြောင့် သပ္ပါယ်လို့-ရှုမဆုံး မိုးလုံးတပြင် ဝေဟင်အပြန့် မရပ်တန့်ဘဲ မဆန့်နိုင်-တဝေေ၀ ညို-ရွှေ-နီ-ဖြူ အဆူဆူထွေးယှက်လျက် နီမောင်းရောင်ထွက် လျှပ်စည်းတွေလက်သလို ပြိုးပြိုးပြက် တငွါးငွါး ရောင်ခြောက်စုံ ကစားလျက် လောကဓာတ် တိုက်အများကို ဖြန့်လွှားအုပ်ခြုံတော်မူကြ လေကုန်သတည်း။
ရောင်ခြည်တော်ဖူးညွန့် ထွေးယှက်လိမ် လူးလွန့်လျက် မြူးကွန့်တော်မူစေရန် အကြောင်းရင်း သမုဋ္ဌာန် ဧကန်ဧက ပဋ္ဌာနဟု နယထူးဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းသော ဉာဏ်ကသိုဏ်း သမာဓိ ဖလ်တံတိုင်းဖြင့် ဌာန်ကရိုဏ်းပီသစွာ စေတနာထွတ်အမြတ်ဖြင့် ရွတ်ဘတ် သရဇ္ဈာယ်တော်မူကြပါကုန်လော။

( ပဋ္ဌာန်းဒေသနာတော်ကြီး သုံးသပ်ရွတ်ဖတ်ရခြင်း အကျိုး )
ပဋ္ဌာန်းဥဒ္ဒေသနှင့် နိဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက်ချက်ခြင်း အခါမလင့် အောက်ပါကောင်းကျိုးများ ရနိုင်ပေသည်။

၁။ ရင်ဆိုင် ကြုံတွေ့နေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
၂။ ကျရောက်လတံ့သော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
၃။ အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိစ္စအ၀၀ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
၎။ အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်နိုင် လွဲနိုင်ခြင်း။
၅။ အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်နိုင်ခြင်း။
၆။ အဆုံးစွန်သောဘ၀၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း-စသည့် အကျိုးတရားတို့ပင်တည်း။

အထက်ပါ ဖော်ပြချက်တို့ကို ပေါ်လွင်ထင်ရှားစေပါအံ့-
ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ အပရာဇိတ ပလ္လင်ထက်ဝယ် မာရ်ငါးပါးကို အောင်မြင်တော်မူပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ အနေကဇာတိ သံသာရံ-အစချီသော ဥဒါန်းကို စိတ်တော်ဖြင့် ကျူးရင့်တော်မူသည်။

ပလ္လင်္ကသတ္တာဟ-
မြတ်ဗုဒ္ဓရှင်တော်ဘုရားသည် အပရာဇိတ ပလ္လင်တော်ထက်ဝယ် ဘုရားဖြစ်ပြီးနောက် ထိုပလ္လင်တော်ထက်၌ပင်လျှင် ဆက်လက်၍ ကဆုန်လပြည့်ကျော် ၁-ရက်နေ့မှ ၇-ရက်နေ့အထိ ၇-ရက်ပတ်လုံး သီတင်းသုံးတော်မူသည်။
ဤသတ္တာဟ ပထမနေ့အခါ၌ ဖလသမာပတ်ကို ၀င်စား၍ နေတော်မူသည်။ ညအခါ၌ကား ဘုရားအဖြစ်သို့ ရောက်အောင် ထောက်ပံ့သည့် ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ, ပဋိလုံ အပြန်အလှန် အဖန်ဖန် သုံးသပ်ဆင်ခြင်တော်မူပြီးလျှင် ယဒါ ဟဝေ-စသော ဥဒါန်းသုံးဂါထာကို အသံမထွက် နှုတ်မမြွက်မူပဲ စိတ်တော်ဖြင့်သာ ကျူးရင့်တော်မူသည်။

ဤနေ့ ညဥ့်ဦးယာမ်၌ ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အစဉ်အတိုင်း အနုလောမနည်းအားဖြင့် ဆင်ခြင်ပြီးလျှင် ယဒါ ဟဝေ-ဟူသော ပထမဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။
မဇ္ဈိမယာမ်၌ ပဋိစ္စသမုပ္ပါဒ်ကို အပြန်အားဖြင့် ပဋိလောမနည်း ဆင်ခြင်တော်မူပြီးလျှင် ယဒါ ဟဝေ-ဒုတိယ ဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။
ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အနုလုံ, ပဋိလုံ အပြန်အလှန် ဆင်ခြင်တော်မူပြီးသော် ယဒါ ဟဝေ- တတိယဂါထာကို ဥဒါန်းကျူးရင့်တော်မူသည်။

နောက် ၆-ရက်အတွင်းမှာမူ ဖလသမာပတ် ၀င်စားကာ နိဗ္ဗာန်ချမ်းသာဖြင့် စံနေတော်မူသည်။ သတ္တမမြောက်နေ့ ညဥ့်ဦး ပထမယာမ်အစ၌ ဖိုလ်မှ ထတော်မူပြီးနောက် ညဥ့်သုံးယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အနုလုံ, ပဋိလုံ အပြန်အလှန် အဖန်ဖန် သုံးသပ် ဆင်ခြင်တော်မူသည်။

ထိုသို့ ၇-ရက်ပတ်လုံး ရွှေပလ္လင်တော်ထက်၌ စံနေတော်မူသဖြင့် ဤအပရာဇိတ ပလ္လင်တော်ကို ( ပလ္လင်္က သတ္တာဟ )-ဟု ခေါ်ပေသည်။ ( သတ္တာဟ-၇-ရက် )။

အနိမိသ သတ္တာဟ-
ထို့နောက် ပလ္လင်ပေါ်မှ သက်ဆင်းတော်မူပြီးလျှင် ဗောဓိပင်၏အနီး အရှေ့မြောက် ခပ်ယွန်းယွန်း ၁၄-လံကွာ နေရာ၌ ကဆုန်လပြည့်ကျော် ၈-ရက်နေ့မှ ၁၄-ရက်နေ့အထိ ၇-ရက် ထပ်မံ၍ သီတင်းသုံး စံမြန်းတော်မူပြန် သည်။ ဤနေရာကို ဒုတိယသတ္တာဟ-ဟု ခေါ်သည်။

ရှင်တော်ဘုရားသည် ငါသည် ပါရမီတော်များ ဖြည့်ခဲ့သဖြင့် ဤပလ္လင်ထက်၌ မာရ်ငါးပါးကို အောင်မြင်၍ ဘုရားဖြစ်ခဲ့ပြီတကား-ဟု ဆင်ခြင်တော်မူကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်တော်မူ၍ အပရာဇိတ ပလ္လင်မြတ်ကို မမှိတ်သော မျက်စိဖြင့် ၇-ရက်ပတ်လုံး ရှုတော်မူပြီးလျှင် စံနေတော်မူသည်။ ထို့ကြောင့်ပင် ဤဌာနကို (အနိမိသ သတ္တာဟ) ဟု ခေါ်တွင်သည်။ ( အ=မ။ နိမိသ=မျက်တောင်ခတ်သည်။ မျက်စိမှိတ်သည်)
( မျက်တောင် မခတ် မျက်စိမမှိတ် )

စင်္ကမ သတ္တာဟ-
ထို့နောက်တဖန် ၇-ရက် ထပ်မံ၍ ကဆုန်လကွယ်နေ့မှ နယုန်လဆန်း ၆-ရက်နေ့အထိ ရွှေပလ္လင်နှင့် အနိမိသ ဌာနအကြား ဗောဓိပင်၏မြောက်ဘက်၌ အရှေ့အနောက် သွယ်တန်းလျက် အတောင် ခြောက်ဆယ်ရှိသော နတ်တို့ဖန်ဆင်းသည့် ရတနာစင်္ကြံတော်၌ လူးလာတုံ့ခေါက် စင်္ကြံကြွကာ သီတင်းသုံး စံမြန်းတော်မူသည်။

အနိမိသ သတ္တာဟဌာန၌ စံမြန်းတော်မူစဉ် နတ်, ဗြဟ္မာတို့၏ စိတ်ထဲ၌ အရှင်ဂေါတမသည် ပလ္လင်တော်၌ တပ်မက်ခြင်း ရှိနေသေးသည်၊ ဘုရားအဖြစ်သို့ ဆုံးခန်းတိုင် ရောက်တော်မမူသေး-ဟု ယုံမှားသံသယ ဖြစ်ကြသည်။ နတ်တို့၏ ယုံမှားသံသယ ဖြစ်နေသည်ကို သိတော်မူ၍ ထိုယုံမှားသံသယကို ပယ်ဖျောက်စိမ့်သောငှါ ရေအစုံ မီးအစုံသော ယမကပြာဋိဟာကို ပြတော်မူသည်။

ရှင်တော်မြတ်ဘုရားသည် စင်္ကြံသွားတော်မူရင်းပင် တရားဆင်ခြင်တော်မူ၍သော်၎င်း, အရဟတ္တ ဖလသမာပတ် ၀င်စား၍သော်၎င်း, စံနေတော်မူသည်။ ထိုသို့ စင်္ကြံသွားလျက် ၇-ရက် စံနေသည့်ဌာနကို ( စင်္ကမ သတ္တာဟ ) ဟု ခေါ်သည်။

ရတနာဃရ သတ္တာဟ-
ထို့နောက် ဗောဓိပင်၏ အနောက်မြောက်ဘက် အတောင် ၄၀-(၁၀-လံ) ကွာဝေးသော အရပ်၌ နတ်တို့ ဖန်ဆင်းအပ်သော ရတနာရွှေအိမ်သို့ ကြွတော်မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီးလျှင် နယုန်လဆန်း ၇-ရက်နေ့မှ ၁၃-ရက်နေ့အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူလျက် ၇-ရက်တိတိ သီတင်းသုံး စံနေတော်မူသည်။ ဤသို့ ရှင်တော်ဘုရား ၇-ရက် ရတနာဃရရွှေအိမ်၌ စံနေတော်မူသည်ကို (ရတနာဃရ သတ္တာဟ) ဟု ခေါ်သည်။

ရှင်တော်ဘုရားသည် ဤရတနာဃရ ရွှေအိမ်၌ အဘိဓမ္မာ ၇-ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူရာ၌ ရှေးဦး ခြောက်ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်ကျမ်းတို့ကို ဆင်ခြင်တော်မူသောအခါ ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူးခြင်း မရှိသေးချေ။

( အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း )
ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူသော အခါမှသာ ရှင်တော်မြတ်ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြာဝဠာသို့ ပျံ့နှံ့ ထွန်းလင်း လွှမ်းမိုးလေတော့သည်။

ရှင်တော်မြတ်ဘုရား၏ ဉာဏ်တော်အနန္တကို ထင်ရှားပေါ်လွင်စေသည့် အခမ်းအနားကြီး ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဉာဏ်တော် တန်ခိုးတော်တို့သည် တုမဲ့ကင်း ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေတွက်နိုင်လောက်အောင် များပြားလှသော နတ်, ဗြဟ္မာ, အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒ္ဓါ လွန်ကြူးစွာဖြင့် ခြေတော်ဦးခိုက် ပူဇော်ကြလေပြီ။

ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်မှသာ ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တ, ဖြစ်ကြောင်း ပေါ်လွင်လာပေသည်။ နတ်ပရိသတ် ဗြဟ္မာပရိသတ်တို့ သိလာကြသည်။

မြတ်ဗုဒ္ဓ ရှင်တော်ဘုရားသည် ဘုရားဖြစ်သည်နှင့် တပြိုင်နက် တုဘက်ကင်း ပြိုင်ဘက်ကင်းသည့် ဉာဏ်တော်ရှင် တန်ခိုးတော်ရှင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်ကား မှန်၏။ သို့ရာတွင် ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်တော်မူသည့်အခါမှသာ ထိုသတ္တိများ ပေါ်လွင်လာပေသည်။

( ပဋ္ဌာန်းဒေသနာတော်၏ မျက်မှောက်အကျိုး )
သို့ဖြစ်သောကြောင့် ကောင်းရာမြတ်နိုး၊ ကောင်းအောင်ကြိုးပမ်း-နေသူတို့အတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးစေသည့် ပဋ္ဌာန်းဒေသနာတော်ကြီးကို နေ့ညမပြတ် ရွတ်ဖတ် သရဇ္ဈာယ်ကြရပေမည်။

သို့မှသာ မိမိတို့သန္တာန်၌ ကိန်းအောင်းနေသော ဉာဏအား, ကာယအား အစွမ်းသတ္တိတို့ ပေါ်လွင်မည်။ ထွန်းတောက်မည်။ ထက်မြက်မည်။ ပေါ်လွင် ထက်မြက်သည့် ဉာဏ်အား, ကိုယ်အား, စိတ်အားရှိသည့် အတိုင်းလည်း မြော်မှန်းသည့် ကောင်းကျိုးဟူသမျှ အခါမလင့် မျက်မှောက် ချက်ခြင်းပင် ဖြစ်ထွန်းကာ အောင်ပန်း ဆွတ်ခူးနိုင်ကြရပေမည်။

ထို့ကြောင့် ဖြူစင်ကောင်းမြတ်သည့် စေတနာရှင်တို့သည် မိမိတို့မြော်မှန်းသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင် ရရှိနိုင်ကြစေရန် ရည်သန်၍ ပဋ္ဌာန်းဥဒ္ဒေသ၊ ပဋ္ဌာန်းနိဒ္ဒေသ ပါဠိတော် တို့ကို ဖြန့်ဖြူးလိုက်ရပေသည်။ ဓမ္မပူဇာ အခါမလပ် ထက်ကြပ်မကွာ ပြုနိုင်ကြပါစေသတည်း။

Credit to
မင်္ဂလာသတင်းစဉ်
Dhamma ပီတိ at Wednesday, December 10, 2014